⛔"Crack/Mod appတွေအသုံးပြုခြင်း"

⛔"Crack/Mod Gameတွေဆော့ခြင်း"
⛔"Crack/Mod appတွေအသုံးပြုခြင်း" 
အဲ့ဒီလိုအသုံးပြုတာတွေက ဘာတွေအကျိုးရှိသလဲ? ဘာဆိုး‌ကျိုးတွေရှိမလဲ?ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။
☝️ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်
ဘာကြောင့်ဆိုတာ ဆက်ရှင်းပြပါမယ်။
crackဆိုတဲ့စကားလုံး modဆိုတဲ့စကားလုံးတွေကို internetတော်ရုံတန်ရုံအသုံးပြုတတ်တဲ့ လူတိုင်းရင်းနှီးနေပြီးသားဖြစ်မှာပါ။

paid softwareတွေ paid gameတွေကို 
ဝယ်မသုံးချင်/ဝယ်မဆော့ချင်တဲ့သူတွေရယ် အလကားဆိုရင် ဖရီးကြိတ်ချင်တဲ့လူတွေဆိုတာ ဒုနဲ့ဒေးပါပဲ။ 
crack/modလုပ်ထားတဲ့ appတွေ gameတွေကြောင့် 
-ပိုက်ဆံကုန်သက်သာမယ်(သိသာပါတယ်)
-gameတွေဆိုရင် lvlအတက်မြန်တာမျိုး
in game itemsတွေကို ဝယ်ပြီးသားဖြစ်နေတာမျိုး(cheatingဖက် ပိုရောက်ပါတယ်)
တစ်ချို့နာမည်ကြီး online gameတွေအထိ mod versionတွေ ပေါနေတာကို အားလုံးသိပြီးသားဖြစ်မှာပါ။

 📛ဆိုးကျိုးတွေကို အခုတစ်ချက်ကြည့်လိုက်ကြရအောင်
-app developerတွေ ပိုက်ဆံမရဘူး🚫
ကိုယ်ကြိုက်လို့ crack versionယူသုံးနေတဲ့ appရဲ့ developerက supportingအပြည့်မရလို့ appကိုဆက် မrunနိုင်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။

-online game accတွေ banခံရတာမျိုး🚫
ကိုယ့်ရဲ့တန်ဖိုးထားရတဲ့ game accတွေ banခံရရင် အတော်ရင်နာဖို့ကောင်းပါတယ်။ 
⚠️ငွေကြေးအများအပြားသုံးထားတဲ့ accတွေ အချိန်ပေးဆော့ထားတဲ့accတွေနဲ့ mod versionကိုမဆော့မိစေဖို့ သတိထားပါ။

-gameရဲ့ အနှစ်သာရပျက်စီးသွားတာမျိုး🚫
အချိန်တစ်ခုပေးပြီးဆော့မှ ပိုအရသာရှိတဲ့ဂိမ်းမျိုးကို စောင့်စရာမလိုပဲ ချက်ချင်းဆော့နေနိုင်ရင် gameရဲ့ conceptကိုလုံးဝရိုက်ချိုးလိုက်တာပါပဲ။

-crack/mod appတွေက 
💀အန္တရာယ်ရှိနိုင်ပါတယ်
ကိုယ်မသိပဲပေးလိုက်ရတဲ့အထဲမှာ ကိုယ့်ရဲ့dataတွေပါသွားနိုင်ပါတယ် appတွေကို installပြီး သုံးတော့မယ့်အခါ တောင်းလာတဲ့ permissionတွေကို အချိန်ခဏပေးပြီး သေချာဖတ်ဖို့ တိုက်တွန်းလိုပါတယ်။
ကိုယ်installထားတဲ့ calculatorက location accessတွေ cameraတွေ microphoneတွေကို permissionတောင်းနေပြီဆိုရင်တော့ အတော်လန့်ဖို့ကောင်းနေပါလိမ့်မယ်။

🔰 crack/modမသုံးပါနဲ့လို့ မတိုက်တွန်းလိုပါ adminကိုယ်တိုင်လဲ တစ်ချို့app‌တွေ gameတွေ သုံးမိပါတယ် "သတိလေးကပ်ပြီး" အသုံးပြုစေလိုပါတယ်။

Comments