" Afghanistanနိုင်ငံအတွင်းက ပြည်သူတွေရဲ့ fingerprint dataတွေဟာ Talibanတွေအတွက် အသုံးချစရာဖြစ်နေမလားဆိုတာကို စိုးရိမ်နေရ "

BBCရဲ့ပြောကြားချက်အရ Talibanတွေဟာ အမေရိကန် အစိုးရနဲ့ ဆက်စပ်ပြီး အလုပ်လုပ်ဖူးတဲ့လူတွေ (သို့) 
နေတိုးတပ်ဖွဲ့တွေမှာ အလုပ်လုပ်ဖူးတဲ့လူတွေကို အားစိုက်ပြီး ပြင်းပြင်းထန်ထန် လိုက်ရှာနေကြတယ်လို့ ဆိုပါတယ်

Biometric Dataတွေကို အမေရိကန်စစ်တပ်နဲ့ Afghanအစိုးရတို့ နှစ်ဖက်လုံးမှာ ထိန်းသိမ်းထားပြီး လောလောဆယ်မှာ အဆိုပါ Afghanအစိုးရရဲ့ ဒေတာတွေဟာ Talibanတွေရဲ့ လက်ထဲကိုရောက်ရှိနေပါတယ်

Afghanရဲ့ ရည်ရွယ်ချက်ကတော့ လူဦးရေ 80%(25သန်း)ခန့်ရဲ့ Biometric Dataတွေကို ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ် ဒါပေမဲ့ ခန့်မှန်းထားတဲ့ ပမာဏထက် Dataတွေက ပိုနည်းနေခဲ့ပါတယ်

အရပ်သားတွေရဲ့ biometric dataတွေကို 
2019ခုနှစ် ရွေးကောက်ပွဲမှာ collectလုပ်ခဲ့တာဖြစ်ပါတယ် ရွေးကောက်ပွဲမှာ fingerprintနဲ့ facial recognitionအပါအဝင် biometric dataတွေနဲ့ 
မဲပေးဖို့အတွက် registerလုပ်ခဲ့ကြရတာဖြစ်ပါတယ်

2011ခုနှစ်လောက်ကတည်းက ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေရဲ့ biometric dataတွေဟာ Afghanအစိုးရရဲ့လက်ထဲမှာ ရှိနေခဲ့ပါတယ်

2016ခုနှစ်မှာ Talibanတွေဟာ လုံခြုံရေးဝန်ထမ်းတွေကို တိုက်ခိုက်ဖို့အတွက် biometric readerတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်၊ အရပ်သားနဲ့ လုံခြုံရေးဝန်ထမ်းတွေကို ခွဲခြားနိုင်အောင် အသုံးပြုခဲ့တာဖြစ်ပြီး အဆိုပါဖြစ်ရပ်မှာ လူ12ယောက် သေဆုံးခဲ့ပါတယ်

Comments