"VPN Protocolဆိုတာဘာလဲ"

💭"VPN Protocolဆိုတာဘာလဲ"

VPN Protocolအကြောင်း မပြောခင် VPNအမျိုးအစားတွေအကြောင်း အရင်သိထားရပါမယ်

VPNအမျိုးအစား ( ၂)မျိုးရှိပါတယ်

✳️remote access VPN: userရဲ့ deviceပေါ်က dataတွေကို encryptလုပ်ပြီးမှ serverကိုရောက်တဲ့ VPN ဘယ်သူကမှ ကြားဖြတ်ဝင်ကြည့်လို့မရတဲ့ VPN နောက်တစ်နည်းပြောရရင် userတွေကိုယ်တိုင် သီးသန့်ထောင်ထားတဲ့ VPNကို remote access VPNလို့ခေါ်ပါတယ်

✳️site-to-site VPN: VPN networkတစ်ခုကို မတူတဲ့နေရာတွေကို sharingလုပ်ပြီးသုံးတဲ့ VPN intranet,extranetအပါအဝင် လုပ်ငန်းတော်တော်များများ companyတော်တော်များများမှာအသုံးပြုနေတဲ့ VPNကို site-to-site VPNလို့ခေါ်ပါတယ်

အဲ့ဒီတော့ လိုရင်းကိုပြန်သွားရမယ်ဆိုရင် VPN Protocolဆိုတာ userနဲ့ serverကြားက dataတွေကို ဘယ်လို encryptလုပ်မလဲဆိုတာ ဆုံးဖြတ်ပေးတဲ့ systemတစ်ခုလို့ ပြောလို့ရပါတယ်


💭"VPN Protocolအမျိုးအစား ဘယ်လောက်ရှိသလဲ"

အသုံးများတဲ့ Protocolအမျိုးအစား (၆)မျိုးရှိပါတယ်

1️⃣OpenVPN

- OpenVPNဆိုတာကတော့ security‌ကောင်းပြီး VPN providerတွေတော်တော်များများ အသုံးပြုနေတဲ့ Protocolတစ်ခုဖြစ်ပါတယ် 

- OpenVPNကို TCPနဲ့ UDP နှစ်မျိုး ထပ်ခွဲနိုင်ပါတယ်၊
TCPက securityကို အသားပေးထားပြီး UDPက speedကို ပိုအသားပေးထားတဲ့ Protocolဖြစ်ပါတယ်

2️⃣IPSec/IKEv2

- IPSec/IKEv2ဆိုတာ encryptionကောင်းမွန်တဲ့ Protocolတစ်ခုပါ၊ IKEv2 Protocolကို Microsoftနဲ့ Ciscoပေါင်းပြီး fast, stable, and scureဖြစ်အောင် developလုပ်ထားတာဖြစ်ပါတယ်၊ ဒါပေမဲ့ platformအစုံ supportမလုပ်တဲ့အတွက် user‌တွေအတွက် သိပ်အဆင်မပြေတဲ့ Protocolတစ်ခုဖြစ်ပါတယ်

3️⃣Wireguard

- Wireguardဆိုတာကတော့ နောက်ပိုင်းမှ ပေါ်လာတဲ့ encryptionကောင်းပြီး stableဖြစ်တဲ့ Protocolတစ်ခုဖြစ်ပါတယ်၊ ကျန်တဲ့ Protocolတွေကို ကျော်တက်သွားနိုင်ချေရှိတယ်လို့ researcherတွေက သုံးသပ်နေကြပါတယ်၊ platformအစုံ supportလုပ်တဲ့အပြင် Movie streamingတွေအတွက် သင့်တော်တဲ့ Protocolတစ်ခုဆိုရင်လဲ မမှားပါဘူး

4️⃣SSTP

- Secure Socket Tunneling Protocol (SSTP)ဆိုတာကတော့ အတန်အသင့် secureဖြစ်ပြီး stableဖြစ်တဲ့ Protocolတစ်ခုပါ၊ Microsoftက developလုပ်ထားတာဖြစ်ပြီး Window OSမှာ built-in ပါဝင်လေ့ရှိပါတယ်၊ Microsoftဟာ အစိုးရပိုင်းတွေနဲ့ ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် VPN providerတွေက SSTP protocolကို ရှောင်ကြပါတယ်

5️⃣L2TP/IPSec

- Layer 2 tunneling protocol (L2TP)ဆိုတာကတော့ encryptionသိပ်မကောင်းတဲ့အပြင် stableသိပ်မဖြစ်တဲ့ Protocolတစ်ခုပါ၊ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေတဲ့ Protocolတစ်ခုဖြစ်ပြီး VPNကို region changeရုံလောက်ပဲ လိုအပ်တဲ့အခြေနေမျိုးမှာ အသုံးပြုသင့်ပါတယ်

6️⃣PPTP

- Point to Point Tunneling Protocol (PPTP)ဆိုတာကတော့ 1999ခုနှစ်လောက်ကတည်းက ရှိနေခဲ့တဲ့ Protocolတစ်ခုပါ၊ PPTPရဲ့ ကနဦး ရည်ရွယ်ချက်က ဖုန်းလိုင်းကြပ်တဲ့ ပြဿနာကိုဖြေရှင်းဖို့ developလုပ်ခဲ့တာဖြစ်ပါတယ်၊ encryptionပိုင်းမှာ အားအနည်းဆုံးလို့ ပြောလို့ရပါတယ်


💭"အခြားသောProtocolတွေအကြောင်း"

🟦SSH Protocol

- SSH Protocolကတော့ encryptionကောင်းမွန်ပြီး fileတွေကို deviceတစ်ခုနဲ့တစ်ခု transferလုပ်တဲ့ system administratorတွေအသုံးများတဲ့ protocolတစ်ခုဖြစ်ပါတယ်၊ ရှင်းလေ ရှုပ်လေဖြစ်သွားနိုင်တဲ့အတွက် SSH Protocolအကြောင်း အသေးစိတ်ကို အောက်က Linkမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်

🟦Shadowsocks Protocol

- Shadowsocks Protocolကို 2012ခုနှစ်မှာ "clowwindy"လို့ခေါ်တဲ့ တရုတ် developerတစ်ယောက်က developလုပ်ထားတာဖြစ်ပါတယ်၊ Shadowsocksရဲ့ အလုပ်လုပ်ပုံက SSHနဲ့ဆင်တူပြီး firewallတွေကို ကျော်ဖို့အတွက် အဓိက ရည်ရွယ်ပြီး developလုပ်ထားတာဖြစ်ပါတယ်၊ encryptionကောင်းပြီး platformအစုံ supportပေးတဲ့အတွက် userတွေအတွက် အဆင်ပြေလောက်တဲ့ Protocolတစ်ခုဖြစ်ပါတယ်


အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ🍀

Comments