❝ Telegramကို Featuresအပြည့်အစုံ အသုံးပြုလိုပါက Pemium Subscription ဝယ်သုံးရနိုင် ❞
ပိတ်ဆို့မှုတွေများလာတဲ့ 2021ခုနှစ်ကစပြီး Telegramကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။
Telegramဟာ messaging appတစ်ခုဖြစ်ပေမဲ့ သူ့မှာပါတဲ့ featureတွေဟာ userမျိုးစုံအတွက် အများကြီး အသုံးဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ရုပ်ရှင်ကြည့်ချင်သူတွေ သီချင်းနားထောင်ချင်သူတွေ Online Shopတွေအပြင် Developerတွေအနေနဲ့ Chat botတွေကို Telegramမှာ တပ်ဆင်ပြီး ကောင်းကောင်းအသုံးပြုနိုင်တဲ့အတွက် လူမျိုးစုံအတွက် Telegramဟာ ဘက်စုံအသုံးဝင်တဲ့ Appတစ်ခုအဖြစ် ရှိနေပါတယ်။
လောလောဆယ်မှာ Telegramဖက်ကနေ Premium Subscriptionကို ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သိရှိရပြီး iOS deviceတွေအတွက် beta versionထွက်ရှိနေပြီဖြစ်ပါတယ်၊ သိပ်မကြာခင်မှာ Androidအတွက်ပါ ထွက်ရှိလာတော့မယ်လို့ အကြမ်းဖျင်း သိထားရပါတယ်၊ အဆိုပါ subscription planကို "Telegram Premium"လို့ခေါ်ပြီး Discord Nitro Planနဲ့ ဆင်တူပါတယ်။
(Discordဆိုတာကတော့ Gamerတွေ အသုံးများတဲ့ voice chatting appတစ်ခုဖြစ်ပါတယ်)
Telegram Premiumကိုဝယ်ယူထားတဲ့ userတွေအနေနဲ့ exclusive stickersတွေ ပို့နိုင်မှာဖြစ်ပြီး exclusive reactionတွေ ပေးလို့ရမှာဖြစ်ပါတယ်၊ Free userတွေအနေနဲ့ Premium userတွေပို့တဲ့ stickersတွေ reactionတွေကို မြင်နိုင်မှာမဟုတ်ပါဘူး၊ "unlock additional reactions by subscribing to Telegram Premium"ဆိုတဲ့ စာတန်းပေါ်နေမှာဖြစ်ပြီး Telegram Premiumဝယ်ဖို့ သတိပေးစာကိုသာ မြင်တွေ့ရမှာဖြစ်ပါတယ်၊ Telegram Premium Subscriptionအကြောင်း အသေးစိတ်ကိုတော့ Telegramဖက်က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Adminအမြင်မှာတော့ Telegram Premiumဝယ်ယူထားတဲ့ userတွေအနေနဲ့ file upload size 2GBထက် ပိုရလာနိုင်ပြီး အခြားfeatureအသစ်တွေလဲ ရရှိလာနိုင်တယ်လို့ယူဆပါတယ်၊ Free userတွေကိုတော့ လက်ရှိအသုံးပြုခွင့်ပေးထားတဲ့ featureတွေကို ကန့်သတ် လျှော့ချသွားနိုင်တယ်လို့ ယူဆပါတယ်။



Comments