AI Photography နှင့် Privacy
AI based appတွေကို သတိထားပြီး အသုံးပြုသင့်ပါတယ် ဘာလို့လဲဆိုတော့...
တစ်ချို့ appတွေကို အသုံးမပြုခင်...
သူတို့ရဲ့ terms and conditionsမှာ "appကို စပြီး အသုံးပြုပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ မျက်နှာတွေကို သူတို့ ပိုင်ဆိုင်ကြောင်း၊ commerciallyအသုံးပြုခွင့်ရှိကြောင်း သဘောတူပါသလား..."ဆိုတဲ့အချက်ကို ကျွန်တော်တို့က ဘာမှမဖတ်ပဲ သတိမထားမိပဲ အလွယ် သဘောတူခဲ့မိကြ/agreeလုပ်ခဲ့မိကြပါတယ်။
ကျွန်တော်တို့ကိုယ်တိုင် သဘောတူခဲ့တာဖြစ်ပြီး မျက်နှာတွေကို သူတို့ပိုင်ဆိုင်သွားတာဖြစ်လို့ သူတို့ ဘယ်နေရာမှာ ဘာလုပ်လုပ် ကျွန်တော်တို့ဖက်က ဘာမှလုပ်လို့မရပါဘူး။
Freeရနေတဲ့ AI toolsတွေကို ပိုပြီးသတိထားသင့်ပါတယ်။
(အလကားဆိုတဲ့ မက်လုံးပေးပြီး ကိုယ့်dataတွေကို ပြန်ယူသွားတဲ့ ဖြစ်နိုင်ချေကပိုများလို့ပါ)
ဒါကြောင့် အပေါ်ကပြောခဲ့သလိုပါပဲ AI appတွေရဲ့ terms and conditionsတွေကို သေသေချာချာဖတ်တာ (သို့) reviewတွေကို စောင့်ကြည့်ပြီးမှ အသုံးပြုတာက ပိုကောင်းပါလိမ့်မယ်။
#AI #tfetechforeveryone
Comments