Android vs iPhone ⁉️
Android userများနဲ့ iPhone userများ တစ်ဖက်နဲ့တစ်ဖက် ငြင်းခုန်တိုက်ခိုက်လာခဲ့တာဆိုရင် တဖြည်းဖြည်းနဲ့ နှစ်အတော်ကြာလာခဲ့ပြီဖြစ်ပါတယ်
နှစ်ဖက်လုံးရဲ့ communityက အတော်ကိုအင်အားတောင့်ပါတယ်။
◼️ဒီpostမှာတော့ ဘယ်လိုလူတွေကတော့ Androidကိုရွေးချယ်သင့်တယ် ဘယ်လိုလူတွေက Iphoneကိုရွေးချယ်သင့်တယ်ဆိုတာအပြင် တစ်ဖက်ချင်းစီရဲ့ အားသာချက် အားနည်းချက်များကိုပါ ပြောပြပေးသွားမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့
iPhoneကို ဘယ်လိုလူတွေရွေးချယ်သင့်တယ်ဆိုတာ ပြောပြသွားပါမယ်
- Apple productsတွေဟာ flagships/luxury devicesများဖြစ်တဲ့အလျောက် premium feelingကို လိုချင်သူတွေရွေးချယ်သင့်ပါတယ်
- အလုပ်ရှုပ်တာတွေကို မကြိုက်တဲ့လူတွေ Bloatwareတွေကို မကြိုက်တဲ့လူတွေ ရွေးချယ်သင့်ပါတယ်။
👍အားသာချက်တွေကတော့
- open sourceမဟုတ်တဲ့အတွက် securityအတော်ကောင်းမွန်တာပါ
userတွေအတွက် သေချာအားစိုက်ထားတာမို့ စိတ်ချလက်ချ အသုံးပြုနေလို့ရပါတယ်
- software updateပိုင်းအတွက် စိတ်ပူစရာမလိုတာပါ
2015မှာ iOS 9နဲ့ပွဲထွက်ခဲ့တဲ့ iPhone 6sဟာဆိုရင် iOS 14အထိ software updateကို အဆင်ပြေပြေရနေခဲ့ပါသေးတယ်
- accessories,spare partsတွေအလွယ်တကူရရှိနိုင်တာပါ
(Display,Speaker,Body frame အစရှိသဖြင့်...)
- used marketတွေမှာ ဈေးကောင်းပေးပြီး ပြန်ရောင်းထုတ်လို့ရတာပါပဲ။
👎အားနည်းချက်တွေကတော့
- luxury devicesတွေဖြစ်တဲ့အလျောက် ဈေးကြီးတာပါပဲ(အချို့ regionတွေမှာဈေးအရမ်းကွာဟနေတာမျိုးတွေလဲရှိပါတယ်)
- refurbishedတွေ အရမ်းပေါလွန်းတာပါ
ဒီနေရာမှာ ပြောချင်တာက official refurbishedတွေကိုပြောတာမဟုတ်ပါဘူး
တရုတ်ကလာတဲ့ refurအလုံးတွေကိုပြောချင်တာပါ။
🤖 Androidကိုဘယ်လိုလူတွေရွေးချယ်သင့်သလဲဆိုတာကတော့ ပြောရတာ အတော်ကျယ်ပြန့်ပါတယ်
- open sourceကိုမှ ကြိုက်ပါတယ်ဆိုတဲ့ လူတွေအသုံးပြုသင့်ပါတယ်
- luxury deviceလိုပဲကိုင်မယ်ဆိုရင်လဲ ရွေးချယ်စရာ flagship devicesတွေ တော်တော်ပေါပါတယ်
- price to performanceသမားဆိုရင်လဲ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်
အများကြီးပြောမနေတော့ပဲ အားသာချက် အားနည်းချက်တွေကို တစ်ချက်ကြည့်လိုက်ကြရအောင်
👍အားသာချက်တွေကတော့
- အသုံးပြုမဲ့userအပေါ်မူတည်ပြီး ကြိုက်ရာရွေးချယ်ပိုင်ခွင့်ရှိနေတာပါ
UIပိုကောင်းတာကိုပဲရွေးမလား
cameraပိုကောင်းတာကိုရွေးမလား
gamingပဲအဓိကထားပြီးရွေးမလား
multimediaပိုင်းကိုပဲအဓိကထားပြီးရွေးမလား အစရှိသဖြင့်ပေါ့...
👎အားနည်းချက်တွေကတော့
- Bloatwareတွေပေါလွန်းတာပါ
(xiaomi deviceတွေအထဲက မလိုအပ်တဲ့ တရုတ်appတွေလိုမျိုး)
- open sourceဖြစ်တဲ့အလျောက် securityပိုင်းမှာ အားနည်းတဲ့ devicesတွေရှိသလို အသင့်အတင့်ကောင်းတဲ့ devicesတွေလဲရှိပါတယ်
🔰အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Comments