Google Pixel Phoneတွေ ဘာကြောင့် ဈေးကြီးနေရသလဲ?

◻️Google Pixel Phoneတွေ ဈေးကြီးရတဲ့အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့ Softwareကြောင့်ပါ။
ရှင်းပါတယ် Googleရဲ့ Softwareကို ပိုက်ဆံပေးဝယ်ရတဲ့ သဘောပါပဲ။
- Pixel Phoneတွေရဲ့ Cameraပိုင်းမှာ Megapixelsအရေအတွက် သိပ်များများမပါပေမဲ့ Googleရဲ့ software processingကောင်းလွန်းတာကြောင့် point and shootတွေ တော်တော်ကောင်းပါတယ်။ 
- Photographyပိုင်း Videoပိုင်းမှာ အပြစ်ပြောစရာမရှိသလောက်ပါပဲ။ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ feelingက တော်တော်တန်တာပါ။
- Pixel Phoneတွေကို စပြီးမိတ်ဆက်ခဲ့ကတည်းက Flagshipဈေးပါပဲ။
($649ခန့်ကစပြီး ဝယ်ယူနိုင်ပါတယ်)

- မြန်မာပြည်တွင်းဈေးကွက်မှာတော့ Xiaomi devicesတွေလိုမျိုး parallel importတွေ ပေါနေတာကြောင့် အခြားBrandတွေက ဈေးအတော်ချိုနေတာဖြစ်တဲ့အတွက် Pixel Devicesတွေက ဈေးပိုကြီးတယ်လို့ ထင်ရတာဖြစ်ပါတယ်။
- နောက်ပိုင်းအသစ်ထွက်လာတဲ့ Pixel "a" line upကတော့ Pixel Phoneတွေကိုဈေးချိုချိုနဲ့လိုချင်တဲ့လူတွေအတွက် Mid-range line upပါ။ 
($399ခန့်ကစပြီး ဝယ်ယူနိုင်ပါတယ်)

- ပြီးတော့ iOS userတစ်ယောက်အနေနဲ့ဆိုရင် Appleရဲ့ Eco systemထဲကနေ ရုန်းထွက်ဖို့တော်တော်ခက်ခဲပါလိမ့်မယ်။ အဲ့ဒီလိုပါပဲ Google Pixel Phoneတွေကို အသုံးပြုနေကျ လူဆိုရင် တခြား Brandတွေကို ကိုင်ချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး။ တခြား Brandပြောင်းကိုင်ခဲ့ရင်တောင် Pixel Phoneတွေရဲ့အရသာကို မမေ့နိုင်ဖြစ်နေဦးမှာပါ။
- Android UIတွေထဲမှာ Cleanအဖြစ်ဆုံး UIတစ်ခုဖြစ်တဲ့အတွက် သာမာန်userတစ်‌ယောက်အတွက်ဆိုရင် Pixel Phoneတွေကိုအသုံးပြုတဲ့အခါ ဘယ်နည်းနဲ့မှစိတ်ပျက်စေမှာမဟုတ်ပါဘူး။ 
- လုံးဝHeavy Userတစ်ယောက်လို ဒါမှမဟုတ် Gamerတစ်ယောက်လို အသုံးပြုမယ်ဆိုရင်တော့ ရေရှည်မှာ Battery Lifeမကောင်းတာမျိုးဖြစ်လာနိုင်ပါတယ်။

📌Pixel Phoneတွေကို ဘယ်လိုလူတွေဝယ်သင့်သလဲဆိုတော့ 
- ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့လူတွေ
- Cameraကောင်းကောင်းပါတာ ကြိုက်တဲ့လူတွေ 
- UIဆိုရင် လုံးဝCleanဖြစ်နေရမယ်ဆိုတဲ့လူတွေ
- Stock Android UIကိုမှ ကြိုက်တဲ့လူတွေ ဝယ်သင့်ပါတယ်။
⛔Gameဆော့မယ်ဆိုတဲ့လူတွေအတွက်တော့ recommendမလုပ်ပါဘူး။

🔰အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Comments