Is MTK processor good or bad??
⁉️MTK processorတွေဟာ ထင်ထားသလောက်
အလုပ်ဖြစ်သလား? တကယ်ရော အလုပ်ဖြစ်ရဲ့လား?
ဒီအကြောင်းကို စမပြောခင် MTK processorတွေရဲ့ အကြောင်းကိုအရင်ပြောပြဖို့ လိုပါလိမ့်မယ်။
◻️MTKဆိုတာကတော့ MediaTek Inc ရဲ့အတိုကောက်ပါ
- MediaTekဆိုတာ smartphone, computer, wireless devices, HD TV, GPS devicesများ အစရှိတဲ့ devicesများအတွက် chipsတွေထုတ်လုပ်ပေးနေတဲ့ companyတစ်ခုပါ။
- MediaTek companyကို 1997ခုနှစ် မေလ 28ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
♦️MediaTek companyကထုတ်လုပ်ခဲ့တဲ့ chipsတွေကို အကြမ်းဖျင်းအားဖြင့်
Smartphoneတွေအတွက်
- Dimensity Series
- Helio X, P, G, A seriesဆိုပြီး ထုတ်လုပ်လျက်ရှိပါတယ်
(product noတွေကို MTxxxxအစရှိသဖြင့်သတ်မှတ်ထားပါတယ်)
- WiFiနဲ့ဆက်စပ်တဲ့ပစ္စည်းတွေကိုတော့ product noများကို RTxxxx အစရှိသဖြင့် သတ်မှတ်ထားပါတယ်။
- 2019ခုနှစ်ရဲ့ စာရင်းများအရ တစ်နှစ်လျှင် ပျမ်းမျှဝင်ငွေ 23.03ဘီလီယံခန့်ရှိပါတယ်။
‼️MTK processorတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို G90Tအသုံးပြုထားတဲ့
- Realme 6i
- Redmi Note 8 Pro
- Realme 6
- Realme 6s
- Umidigi S5 Pro
- Realme Narzo အစရှိတဲ့ devicesတွေမှာ အကုန်အသိမှတ်ပြုခဲ့ကြရပါတော့တယ်
(အရှေ့ပိုင်းမှာ ထွက်ရှိခဲ့တဲ့ seriesတွေကလဲ သူ့ဟာနဲ့သူ အောင်မြင်မှုတော့ရရှိခဲ့ပေမယ့် ထင်သလောက် မအောင်မြင်ခဲ့ပါဘူး)
- MTK processorအသုံးပြုထားတဲ့ devicesတွေအနေနဲ့ daily usageမှာ Snapdragonအသုံးပြုထားတဲ့ devicesတွေနဲ့ သိသိသာသာကွာခြားနေမှာမဟုတ်ပါဘူး။
👍MTK processorတွေရဲ့ အားသာချက်ကတော့ ဈေးအတော်သက်သာနေတာပါ
- mid-rangeဈေးပေးပြီး flagshipနီးပါး performanceပေးနိုင်တာ MTK processorတွေပဲရှိပါတယ်(performanceချင်းတူနေရင်တောင် MTKအသုံးပြုထားတဲ့ devicesတွေက Snapdragonအသုံးပြုထားတဲ့ devicesတွေနဲ့ယှဉ်ရင် တစ်ဝက်လောက်နီးနီး သက်သာနေပါတယ်)
👎MTK processorတွေရဲ့ အားနည်းချက်က graphics outputအတွက် coresတွေနည်းနေတာကြောင့်
- တစ်ချို့ deviceတွေမှာ Videoရိုက်ရင် 4Kရိုက်မရတာမျိုး၊
- Snapdragonနဲ့ယှဉ်ရင် MTKက power hungryပိုဖြစ်နေတာမျိုး(ဖုန်းအားကုန်မြန်တာမျိုး)
- Ram Managementပိုင်းမှာ အနည်းငယ်အားနည်းနေတာမျိုး(background appတွေပိတ်ပိတ်သွားတတ်တာမျိုး)
📌အချုပ်အနေနဲ့ပြောရရင်တော့ MTK processorတွေ တော်တော်တိုးတက်လာတာ၊ တော်တော်ကောင်းလာတာကိုလဲလက်ခံကြရပါမယ်။ နောက်နှစ်အနည်းငယ်မှာ ဈေးချိုချိုနဲ့ performanceတော်တော်ကြမ်းတဲ့ chipsတွေထပ်ထွက်လာမယ်လို့လဲ ယုံကြည်ပါတယ်။
🔰အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Comments