⚙️ "VPNဆိုတာ..."

VPNဆိုတဲ့စကားလုံးကို လူတော်တော်များများကတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ
 
မသိသေးတဲ့လူတွေအတွက် VPNဆိုတာဘာလဲ ဘယ်လိုတွေ အသုံးဝင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

◼️VPNရဲ့ အရှည်က Virtual Private Networkပါ

-VPNကို အသုံးပြုပြီး ကိုယ့်နိုင်ငံမှာ သုံးလို့မရတဲ့ appတွေ websiteတွေကို ကြည့်နိုင် အသုံးပြုနိုင်အောင် လုပ်ကြပါတယ်
(ဥပမာ- တရုတ်လိုနိုင်ငံမျိုးမှာ Facebookကို အသုံးပြုခွင့်ပေးမထားပါဘူး သုံးချင်တယ်ဆိုရင် VPNခံသုံးမှပဲရပါလိမ့်မယ်)

-VPNကို အသုံးပြုပြီး ကိုယ့် deviceတွေရဲ့ လုံခြုံရေးကို မြင့်တင်တဲ့နေရာမှာလဲ အသုံးပြုကြပါတယ်
(ကျွန်တော်တို့ internetကို ပုံမှန်အသုံးပြုနေကျအတိုင်းဆိုရင် ကိုယ့်ရဲ့ IP address, ကိုယ့်ရဲ့ locationတွေ ကိုယ့်ရဲ့ information‌တွေကို မသမာသူတွေက ပိုပြီးလွယ်လွယ်ရနိုင်ပါတယ် 
VPNခံသုံးလိုက်ခြင်းအားဖြင့် အဲ့ဒီလိုကိစ္စမျိုးတွေကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်)

-VPNတွေရဲ့ အားနည်းချက်ကတော့ ပုံမှန်သုံးနေကျလောက် connectionမကောင်းတော့တာပါပဲ

💲အလကားရတဲ့VPN‌တွေလဲရှိပါတယ်
ကောင်းတာကိုမှ ကြိုက်ရင်တော့ ဝယ်သုံးမှရပါမယ်
1လကို 2$ ဝန်းကျင်လောက်ကနေစပြီး ဈေးအမျိုးမျိုးရှိပါတယ်။

အောက်ကဟာတွေကတော့
Android Authority websiteမှာဖော်ပြထားတဲ့ အလကားရတဲ့ VPNတွေပါ
1. TunnelBear
2. Kaspersky VPN Secure Connection
3. Hotspot Shield VPN
4. Avira Phantom VPN
5. Hide.me
6. Speedify
7. Windscribe
8. ProtonVPN

◼️VPNကိုအမြဲသုံးနေဖို့ လိုအပ်သလားဆိုတော့ မလိုအပ်ပါဘူး 
Websiteတွေကို regionကျော်ကြည့်ဖို့ browserထဲဝင်တဲ့ အချိန်တွေရယ် regionကျော်ပြီး appတွေ downloadလုပ်မယ့် အချိန်တွေလောက်ပဲ အသုံးပြုရင် လုံလောက်ပါတယ်
(Opera Browserမှာတော့ VPNတစ်ခါထဲ ပါပြီးသားပါ)

🔰အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

Comments