"Xiaomi Air Charge"လို့ အမည်ပေးထားတဲ့ wireless chargingနည်းပညာအသစ်ကို Xiaomiမိတ်ဆက်
🟧Xiaomiအနေနဲ့ wireless chargerအသစ်တစ်မျိုးကို ယနေ့မနက်ခင်းလောက်မှာပဲ မိတ်ဆက်သွားခဲ့ပါတယ်။
- အဆိုပါ tweetကိုကြည့်ရန် ဒီကိုနှိပ်ပါ
- Game ဆော့နေချိန်မှာပဲဖြစ်ဖြစ် လမ်းလျောက်နေစဉ်မှာပဲဖြစ်ဖြစ် မိမိရဲ့ဖုန်းတွေနဲ့ အခြားသော Xiaomi deviceတွေကို လက်ထဲမှာ ကိုင်ထားရုံနဲ့ အားသွင်းပေးနေမှာပါ။
- အကွာအဝေးတစ်ခုအတွင်းမှာရှိတဲ့ Devices တွေအကုန်လုံးကို 5Wအထိ တစ်ပြိုင်နက်ထဲ အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
🔶Xiaomi အနေနဲ့ wireless chargingပိုင်းနဲ့ မစိမ်းပါဘူး
- 80W wireless chargingနဲ့ 120W wired chargingတို့ကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
‼️လောလောဆယ်မှာ prototypeသဘောမျိုးပဲရှိသေးတာဖြစ်လို့ အဲ့ဒီchargerကိုအသုံးပြုတာက ကျန်းမာရေးအတွက် အဆင်ပြေ မပြေဆိုတာ အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
🔰အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Comments