"Xiaomi Cloud (သို့) Mi acc"
Xiaomiရဲ့ ဈေးကွက်ကျယ်ပြန့်လာမှုနဲ့အတူ Xiaomi cloud serviceလုပ်ငန်းကရတဲ့ ဝင်ငွေတွေဟာလဲ တဟုန်တိုးမြင့်မားလာပါတယ်
📱 Xiaomi Devicesတွေကို ကိုင်ဖူးတဲ့သူတိုင်း Xiaomi Cloud/Mi accဆိုတာတွေကို ကြားဖူးနေမှာ ရင်းနှီးနေမှာသေချာပါတယ်။
Xiaomi deviceတစ်ခုကိုင်ပြီဆိုတာနဲ့ Mi accတစ်ခုရှိထားဖို့ လိုအပ်ပါတယ်
- themeများ,fontများ downloadလုပ်တာကစလို့ deviceပျောက်လို့ ပြန်ရှာတဲ့အချိန်အထိ Mi accကိုလိုအပ်နေမှာပါ
- Mi accဖွင့်မယ်ဆိုရင် ဖုန်းနံပါတ်တစ်ခု(သို့) emailနဲ့ အင်တာနက်ပဲရှိဖို့လိုအပ်ပါတယ်
(Mi accမှာသုံးထားတဲ့ ဖုန်းနံပါတ်/email မပျောက်သွားဖို့ မပျက်သွားဖို့ အရေးကြီးပါတယ်
မဟုတ်ရင် serviceဆိုင်ပြေးပြီး အလကားနေရင်း ငွေကုန်ခံနေရပါလိမ့်မယ်)
◼️Mi accတစ်ခုရှိထားပြီဆိုရင် Xiaomi Cloudကို စအသုံးပြုလို့ရပါပြီ
- Contacts
- Messages
- Gallery
- Notes
- Recording
- Find device
- Setting စတာတွေပါဝင်ပါတယ်
cloudပေါ်မှာ back upလုပ်ဖို့ 5GB freeပေးပါတယ်
storage ထပ်လိုချင်ရင် ဝယ်မှရပါမယ်
💴တစ်နှစ်စာ 200GBကို 318HKDပါ
မြန်မာငွေ 5သောင်းခွဲခန့်ကျပါတယ်
(ဒီနေရာမှာ တစ်ခုပြောချင်တာက Google drive
💵တစ်နှစ်စာ 200GBကို 29.99USD,မြန်မာငွေ 4သောင်းခန့်ပဲရှိပါတယ် ဈေးကတော်တော်ကွာနေပါတယ် ဝယ်သုံးမယ်ဆိုရင် Google driveကိုပဲ ပိုအားပေးပါတယ်)
🔰သိချင်တာ ပြောချင်တာတွေကိုလဲ commentမှာ ဆွေးနွေးငြင်းခုန်သွားလို့ရပါတယ် အချိန်ယူဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
Comments