⚠️Xiaomi Devicesများ၏ အရှုပ်တော်ပုံများ
Asiaမှာသာမက Europeဖက်အထိပါ အတော်ခြေဆန့်နေပြီဖြစ်ပါတယ်။
ဈေးကွက်ထဲဝုန်းဒိုင်းကြဲနေတဲ့ သူတို့ညီအစ်ကိုနှစ်ကောင်ကို price to performanceပိုင်းမှာဘယ်သူမှ ဘယ်လိုမှမယှဉ်နိုင်ကြပါဘူး priceချင်းတူနေရင်တောင် performanceဖက်မှာ သူကသာနေတာမျိုးပါ။
Xiaomi/Redmiရဲ့ naming methodတွေဟာလဲ တော်တော်ကို ရှုပ်ထွေးပါတယ်
Xiaomi/Redmi devicesတွေမှာ
◼️Rom "နှစ်မျိုး"ပဲရှိပါတယ်
အဲ့ဒါကတော့ Chinaနဲ့ Globalပဲဖြစ်ပါတယ်
🚫ဘာstable ညာstableတွေကို ခေါင်းထဲကထုတ်ထားလိုက်ပါ
(stableဆိုပီး Chinaအလုံးကို Globalဈေးနဲ့ ဂျင်းထည့်ရောင်းတတ်တဲ့ဆိုင်တွေကို သတိထားပါ)
-China Romအလုံးတွေဆိုတာက တရုတ်ပြည်သွင်းသုံးဖို့အတွက်ထုတ်ထားတဲ့အလုံးတွေဖြစ်တာကြောင့် Googleမပါတာဖြစ်ပါတယ်
Banထားလို့ သုံးမရတာမျိုးမဟုတ်ပါဘူး ဈေးကွက်ထဲမှာလဲ ဈေးသက်သက်သာသာနဲ့ဝယ်လို့ရတဲ့အလုံးတွေပါ။
-Global Romအလုံးတွေဆိုတာက တရုတ်ပြည်ကနေ တစ်ကမ္ဘာလုံးကိုတင်ပို့တဲ့အလုံးတွေလို့ပဲအလွယ်မှတ်ထားနိုင်ပါတယ် Google built-inပါဝင်ပြီး ဈေးကွက်ထဲမှာ Chinaအလုံးတွေထက် ဈေးပိုကြီးလေ့ရှိပါတယ်။
🔰နောက်နေ့တွေမှာ Xiaomiရဲ့ Romတွေအကြောင်း အသေးစိတ်ပြန်ရေးပေးပါမယ် အချိန်ယူဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Comments