➡️ "Xiaomi Romများအကြောင်း သိကောင်းစရာ "
China Romနဲ့ Global Romတို့ကို အရင်ဆုံး မျက်စိထဲပြေးမြင်မိကြမယ်လို့ထင်ပါတယ်။
အခုဆက်ပြောပြမဲ့ Romတွေက
Chinaရော Globalရော နှစ်ခုလုံးအတွက် အကျုံးဝင်ပါတယ်။
1️⃣Alpha Rom/Nightly Rom
- updateအစောဆုံးရတဲ့ Romတွေဖြစ်ပါတယ်
- လုံးဝအကြမ်းထည်ပဲမို့ bugတွေ Errorတွေအများဆုံး Romလို့ပြောရင်လဲမမှားပါဘူး။
2️⃣Beta/Closed Beta Rom(Developer Rom)
- Alpha Romလောက် bugမများပေမဲ့ သာမာန် userများအတွက် အသုံးပြုဖို့အဆင်မပြေပါဘူး
end userတွေလောက်ပဲ သုံးလို့အဆင်ပြေပါတယ်
- Alpha Romနည်းတူ updateမကြာမကြာ စောစောရလေ့ရှိပါတယ်။
3️⃣Stable Rom
- bugတွေ errorတွေအနည်းဆုံးနဲ့ နောက်ဆုံးမှ updateရတဲ့ Romပါ။
#️⃣အထက်ပါ Romတွေဟာ Xiaomiရဲ့ official Romတွေပဲဖြစ်ပါတယ် updateမြန်မြန်လိုချင်လို့ပဲဖြစ်ဖြစ် စမ်းတင်ကြည့်ချင်တာပဲဖြစ်ဖြစ် Romချိန်းဖို့စိတ်ကူးနေရင် တတ်ကျွမ်းသူများနှင့် တိုင်ပင်ပြီးမှသာလုပ်စေလိုပါတယ်။
📛EU rom(custom Rom)
- Xiaomiရဲ့ official Romမဟုတ်သော်လဲ EU romရဲ့ developerတွေကြောင့် updateမကြာကြာ ရရှိနေတဲ့ Romဖြစ်ပါတယ်။
🔰နောက်နေ့တွေမှာလဲ TECHနဲ့ဆိုင်တဲ့အကြောင်းအရာများကို အလျင်းသင့်သလို ဖော်ပြသွားမှာဖြစ်ပါတယ် အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Comments