"iPhoneတွေကို scanလုပ်မဲ့ နည်းပညာအသစ်အပေါ်နားလည်မှု လွဲနေကြတာကြောင့် Appleက စိတ်မကောင်းဖြစ်နေ"
- iPhoneနဲ့ iPadတွေမှာ child sexual abuseတွေကို auto detectလုပ်ပေးမဲ့ toolsတွေအကြောင်း ကြေညာလိုက်တဲ့ကိစ္စကို နားလည်မှု တော်တော်လွဲနေကြတယ်လို့ Appleက ဆိုပါတယ်
- August 5ရက်နေ့မှာ iCloudပေါ်က ဥပဒေနဲ့ ငြိစွန်းတဲ့ ပုံတွေကို auto detectလုပ်ပေးမဲ့ image detection softwareအသစ်ကို Appleက ချပြလိုက်ပါတယ်
- Privacyနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ Appleက image detection softwareအသစ်မှာ security backdoorကို ဖန်တီးပြီးပြီလို့ ဝေဖန်နေကြပါတယ်
(user dataတွေကို Appleက collectလုပ်တယ်ဆိုတဲ့ သဘောပါ)
- Appleကတော့ သူ့ရဲ့ softwareကို အထင်လွဲနေကြတယ်လို့ပဲ ပြန်ဖြေရှင်းထားပါတယ်
⚙️Toolsအသစ်တွေက ဘာတွေလဲ?
- ကလေးသူငယ်တွေကို ကာကွယ်ဖို့ toolနှစ်ခုကို ပြင်ဆင်ထားကြောင်း Appleက ဆိုပါတယ်၊ USမှာ အရင်ဆုံး မိတ်ဆက်သွားမှာဖြစ်ပါတယ်
🖼️Image Detection
- ဒီtoolကတော့ iCloudပေါ်ကို uploadလုပ်လာတဲ့ photoတွေအထဲကနေ child sex abuse material(CSAM)ကို detectလုပ်ပေးနိုင်မှာဖြစ်ပါတယ်
- Photoတွေကို Google, Microsoft, Facebookတို့လိုပဲ hashesတွေနဲ့ တိုက်စစ်သွားမှာဖြစ်ပါတယ်
(hashesဆိုတာ digital fingerprintလို့ အလွယ်မှတ်ယူနိုင်ပါတယ်)
"ခင်ဗျားရဲ့ ကလေးရေချိုးနေတဲ့ပုံတွေ (ဒါမှမဟုတ်) pornတွေကို Appleက checkingမလုပ်ပါဘူး"လို့ Appleရဲ့ software chiefဖြစ်တဲ့ Craig Federighiက ပြောပါတယ်
"အကယ်၍ userတစ်ယောက် uploadလုပ်နေတဲ့ ပုံတွေက softwareနဲ့ auto detectလုပ်တဲ့အခါ child abuse caseတွေရဲ့ hashesတွေနဲ့ ကိုက်ညီတယ်ဆိုရင် Appleကို လှမ်းအကြောင်းကြားမယ်
အဲ့ဒီအခါကျ Appleဖက်ကနေ လူကိုယ်တိုင် manually သေချာပြန်စစ်ဆေးမယ်"လို့ သူက ဆက်ပြောပါတယ်
✉️Message Filtering
- Appleရဲ့ iMessageအပေါ်မှာ Parental controlအနေနဲ့ ကလေးတွေရဲ့ accountမှာ messageတွေကို ဝင်ကြည့်လို့ရနိုင်/controlလုပ်နိုင်မယ့် featureတွေပါမှာဖြစ်ပါတယ်
- Nudityတွေ ပါတယ်လို့ softwareက detectလုပ်မိတာနဲ့ child accountကို warningပေးမှာဖြစ်ပြီး parent accountကို လှမ်းသတိပေးမှာဖြစ်ပါတယ်
💬ဝေဖန်ရေးသမားတွေရဲ့အမြင်
- Privacyနဲ့ ဆက်စပ်ပြီး ဝေဖန်ရေးသမားတွေက ဒီနည်းပညာဟာ အစိုးရအဖွဲ့အစည်းတွေအတွက် အသုံးချစရာဖြစ်နေမှာကို စိုးရိမ်နေကြပါတယ်
- Whatsappရဲ့ ရာထူးအကြီးပိုင်းထဲက တစ်ယောက်ဖြစ်တဲ့ Will Cathcartကတော့ Appleရဲ့ ခြေလှမ်းဟာ "စိုးရိမ်စရာဖြစ်နေကြောင်း"၊ US သတင်းပေးတစ်ယောက်ဖြစ်တဲ့ Edward Snowdenကတော့ iPhoneကို "spyPhone"လို့ စွပ်စွဲပြောဆိုထားပါတယ်
- Appleရဲ့ software chief Mr Federighiကတော့
"အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး"
"Appleအနေနဲ့ အခုလုပ်နေတဲ့ projectတွေအပေါ်မှာ အကောင်းဆုံး အားစိုက်ပြီး လုပ်နေကြပါတယ် ဒါပေမဲ့ Appleအပေါ် တော်တော်အထင်လွဲနေကြတာ"လို့ သူကဆက်ပြောပါတယ်
- အဆိုပါ toolsတွေကို ဒီနှစ်အကုန်လောက်မှာ iOSနဲ့ iPadOSတွေအတွက် new versionအနေနဲ့ ထည့်ပေးသွားမှာဖြစ်ပါတယ်
Comments