Facebook လုပ်ငန်းစု နာမည်ကို "Meta"ဟု ပြောင်းလဲသတ်မှတ်
"social mediaလုပ်ငန်းကနေ virtual reality(VR)လုပ်ငန်းဖက်ကို တိုးချဲ့လာတာနဲ့တစ်ပြိုင်နက် လုပ်ငန်းစု နာမည်ကို ကြည့်တာနဲ့ ဘာလုပ်ငန်းလဲဆိုတာကို တစ်ခါထဲ မြင်နိုင်ရင် ပိုကောင်းပါတယ်"လို့ Meta Companyက ဆိုပါတယ်
အခုလို rebrandingလုပ်တာက Facebook, Instagram, Whatsapp အစရှိတဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပဲ Company နာမည်သာ ပြောင်းလဲသွားတာဖြစ်ပါတယ်
rebrandingလုပ်လိုက်ပေမဲ့ နောက်ကွယ်မှာ ပြဿနာတွေ တက်နေဆဲဖြစ်ပါတယ်
Mark Zuckerbergက "လောလောဆယ် ရှိနေတဲ့ နာမည်က အနာဂါတ်မှာ လုပ်မဲ့ လုပ်ငန်းတွေအတွက် ကိုယ်စားမပြုနိုင်လောက်ဘူးလေ၊ အဲ့ဒါကြောင့် ပြောင်းပစ်ဖို့ လိုတာပေါ့"လို့ ဆိုပါတယ်
"အချိန်ကြာလာတာနဲ့အမျှ လူတွေအမြင်မှာ Metaverse Companyတစ်ခုအနေနဲ့ မြင်စေလိုပါတယ်၊ လုပ်နေတဲ့လုပ်ငန်းကို ကိုယ်စားပြုတဲ့ နာမည်အသစ် ပေးဖို့ လိုအပ်လာပါတယ်၊ အချိန်တစ်ခုရောက်တဲ့အခါ Companyရဲ့ အခြား serviceတွေကို အသုံးပြုဖို့ Facebookဆိုတဲ့နာမည်ကို ဆက်သုံးစရာ မလိုတော့ပါဘူး"လို့ သူက ဆက်ပြောပါတယ်
"Meta"ဆိုတာ ဂရိ စကားလုံးဖြစ်ပြီး "ကျော်လွန်၍"ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်
Virtual worldမှာ လူတွေ အလုပ်လုပ်နိုင်၊ gameအတူဆော့နိုင်၊ concertတွေကြည့်ရှုနိုင်၊ ပြောဆိုဆက်သွယ်နိုင်ဖို့ မျှော်လင့်ထားပါတယ်
Adminရဲ့ အမြင်အရတော့ သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ "Ready Player One"လို "Sword Art Online"တို့လို Virtual worldတွေ ဖြစ်လာတော့မယ်လို့ ယူဆပါတယ်
Comments
The Las Vegas-area casino resort 충청북도 출장마사지 will be opening 서산 출장마사지 a 전라남도 출장마사지 new 제주도 출장샵 VR app with games from the Super Bowl, the NBA 광주광역 출장마사지 Finals and the NBA.