All About Android 13


သိပ်မကြာခင်မှာ Android 13ကို Pixel 7နဲ့ 7 Proတို့မှာ ပထမဦးဆုံးအနေနဲ့ built-inထည့်သွင်းပေးလာမှာ ဖြစ်ပါတယ်၊ လောလောဆယ်မှာ public betaအနေနဲ့ တစ်ချို့ deviceတွေနဲ့ Pixel deviceတွေ(Pixel 4 to Pixel 6 Pro)မှာ အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။


Android 13မှာ Android 12တုန်းက ရရှိခဲ့တဲ့ UI(Material You)ကို အနည်းငယ် tweakလုပ်ထားရုံလောက်သာ updateလုပ်လာပြီး UIပိုင်းမှာ သိသိသာသာ improveဖြစ်မလာခဲ့ပါဘူး။


Clipboardကို quick editလုပ်နိုင်တဲ့ featureအသစ်ကတော့ အနည်းနဲ့အများ အသုံးဝင်နိုင်ပါတယ်၊ clipboardတွေကို accountတစ်ခုထဲကို အသုံးပြုထားတဲ့ Google deviceတွေမှာ အပြန်အလှန် sharingလုပ်လို့ ရလာနိုင်ပါတယ်၊ နောက်ပိုင်းမှာ photoတွေ videoတွေကိုလဲ အလားတူ sharingလုပ်နိုင်မယ်လို့ ယူဆရပါတယ်၊ နောက်ပြီး Clipboardမှာ copyယူထားတဲ့ textတွေ photoတွေကို တစ်နာရီကျော်သွားရင် auto deleteလုပ်ပေးမှာဖြစ်ပါတယ်။


Bluetooth LE audioရလာမှာဖြစ်လို့ Bluetooth audio deviceတွေ အသုံးပြုတဲ့အခါ power consumptionနည်းသွားမှာဖြစ်ပါတယ်။


သက်ဆိုင်ရာ Appတွေကို photoတွေ accessလုပ်ခွင့်ပေးတဲ့အခါ galleryတစ်ခုလုံးကို accessလုပ်ဖို့ permissionပေးစရာမလိုတော့ပဲ လိုအပ်တဲ့ photoအနည်းငယ်ကိုသာ limitလုပ်ပြီး permissionပေးထားလို့ ရလာမှာဖြစ်ပါတယ်။


Android 13မှာ in-app languageတွေကို system languageနဲ့ သပ်သပ်စီခွဲပြီးထားလို့ရမှာဖြစ်ပါတယ်၊ appက supportပေးဖို့လဲ လိုအပ်ပါတယ်။

(လူသုံးများတဲ့ appတွေမှာ languageတွေ ရွေးလို့ရနေတာဖြစ်လို့ ဘာမှမထူးခြားတဲ့ updateလို့ ပြောလို့ရပါတယ်)


တခြား updateတွေအနေနဲ့ lock screenအနည်းငယ်ပြောင်းလဲသွားပြီး notification featureအနည်းငယ်နဲ့ security updateအနည်းငယ်သာ ပြောင်းလဲလာတာဖြစ်ပါတယ်။


Android 13ဟာ Android 11 to 12‌တုန်းကလောက် သိပ်အားရစရာမကောင်းတဲ့ updateပါ၊ ဒါပေမဲ့ minor changesတွေထဲမှာ userတွေအတွက် အဆင်ပြေမဲ့ featureအသစ်တွေပါနေတာကြောင့် သိပ်မဆိုးဘူးလို့ပဲ ဆိုရပါမယ်။

Comments