❝ သင့်အနေနဲ့ ဈေးကြီးပေးဝယ်ထားတဲ့ Deviceတွေရဲ့ Storageပြည့်သွားတဲ့အခါ ဘယ်လိုဖြေရှင်းပါသလဲ? ❞
❝ သင့်အနေနဲ့ ဈေးကြီးပေးဝယ်ထားတဲ့ Deviceတွေရဲ့ Storageပြည့်သွားတဲ့အခါ ဘယ်လိုဖြေရှင်းပါသလဲ? ❞
=====================================
💭 မလိုအပ်တာတွေကို ဖျက်ချပစ်ပြီး Storageကို လျှော့ချပြီး Storageမလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းတာလား?
💭 ဒါမှမဟုတ်... Storageကို upgradeလုပ်လိုက်တာမျိုးလား?
💬 တန်ဖိုးထားရတဲ့ အမှတ်တရတွေ၊ dataတွေကို မဖျက်ပစ်ပဲ ဆက်သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ Storage upgradeလုပ်တာကပဲ သင့်အတွက် အဆင်အပြေဆုံးဖြစ်နေမှာပါ။
⌦ Storage upgradeလုပ်တဲ့အခါ
Physical storageနဲ့ Cloud storageဆိုပြီး ရွေးချယ်စရာ (၂)မျိုး ရှိပါမယ်။
● Physical Storageထဲမှာဆိုရင် အလွယ်ပြောရရင် HDDနဲ့ SSDဆိုပြီး ရွေးချယ်လို့ရပါမယ်၊
HDDက ဈေးနည်းနည်းသက်သာပါမယ်၊
SSDက HDDထက် ၄,၅ဆလောက် ဈေးပိုကြီးပြီး
ပိုကောင်း၊ ပိုမြန်ပါတယ်။
➥ အားသာချက်တွေကတော့
securityအတွက် စိတ်ပူနေစရာမလိုတာ၊ Cloud Storageတွေလို upload/downloadအတွက် စောင့်နေစရာမလိုတာ၊ monthly, yearly subscriptionမလိုအပ်တာနဲ့ ဈေးပိိုသက်သာတာပါပဲ။
➥ အားနည်းချက်တွေကတော့
dataပမာဏ အရမ်းများလာရင် Deviceတစ်ခုနဲ့တစ်ခု data transferလုပ်ဖို့ မလွယ်ကူတာ၊ Physical storageဖြစ်တဲ့အတွက် physically ပြုတ်ကျတာ ထိခိုက်တာတွေဖြစ်လာရင် ပျက်စီးလွယ်တာပါပဲ။
● Cloud Storageထဲမှာဆိုရင် service providerအမျိုးမျိုးထဲကနေ ကိုယ်ကြိုက်တာကို ရွေးချယ်နိုင်ပါတယ်၊
monthly, yearlyနဲ့ lifetime subscriptionဆိုပြီး ရွေးချယ်နိုင်ပြီး သင်နဲ့ အဆင်ပြေဆုံးဖြစ်မဲ့ planကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
➥ အားသာချက်တွေကတော့
Cloud Storageတွေရဲ့ အကောင်းဆုံးအချက်တစ်ချက်ဖြစ်တဲ့ backgroundမှာ syncingလုပ်ပြီး Cloudပေါ်မှာ backupလုပ်ထားလို့ရတာပါပဲ၊ internetရှိတဲ့ ဘယ်နေရာမှာမဆို ကိုယ့်ရဲ့dataတွေကို accessလုပ်ခွင့် ရှိနေတာပဲဖြစ်ပါတယ်၊ ပြီးတော့ နာမည်ကြီး Cloud Storageအများစုက AES 256-bit encryption(military grade encryption)ရှိပြီးသားဖြစ်တဲ့အတွက် securityအတွက် စိတ်ချထားလို့ ရနိုင်ပါတယ်။
➥ အားနည်းချက်တွေကတော့
Physical Storageတွေလို မဟုတ်ပဲ monthly, yearly paymentတွေ ပေးဆောင်နေရတာပါပဲ၊ ပြီးတော့ Physical Storageတွေထက် ဈေးပိုကြီးနေတတ်ပါတယ်။
သင့်အနေနဲ့
Cloud Storageလား? Physical Storageလား?
ဘာကိုရွေးချယ်မလဲ?
Storageတွေပြည့်သွားတဲ့အခါ ဘယ်လိုဖြေရှင်းပါသလဲ?
commentမှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာ။
Comments