❝ မပြီးဆုံးနိုင်သေးတဲ့ Redmi Note 11 series? ❞


❝ မပြီးဆုံးနိုင်သေးတဲ့ Redmi Note 11 series? ❞

» Redmi Note 11 Pro 2023 edition ထပ်ထွက်လာဦးမည်။

» Google Play Consoleမှာ Snapdragon 712နဲ့ registerလုပ်ထားပေမဲ့ Snapdragon 712က 2019 ခုနှစ်ကတည်းက ထွက်ထားတာဖြစ်တဲ့အတွက် ဒိတ်အောက်နေပြီဖြစ်လို့ အဖြစ်နိုင်ဆုံးကတော့ Snapdragon 732Gနဲ့ ထွက်လာမယ်လို့ ယူဆရပါတယ်။

● Displayအနေနဲ့ AMOLED FHD+, 440ppi, 120Hz refresh rateနဲ့ ထွက်လာဖို့ သေချာသလောက်ရှိပါတယ်။

● Storageအနေနဲ့ RAM 8GB 128GBနဲ့ ထွက်လာမှာပါ။

● Cameraအနေနဲ့ 108MP main camera, 8MP ultra-wide lens, 2MP depth sensor ပါဝင်မှာဖြစ်ပြီး
အရှေ့ဖက်မှာတော့ 16MP selfie cameraပါဝင်လာနိုင်ချေ ရှိပါတယ်။

● Batteryအနေနဲ့ 5020mAhနဲ့ ပွဲထုတ်လာနိုင်ပြီး Fast Charging (33W or 67W) ပါဝင်လာနိုင်ပါတယ်။

» Redmi Note 11 Pro 2023က Redmi Note 10 proကို rebrandedလုပ်ပြီး ဈေးကွက်ထဲ ပြန်ရောင်းတာမျိုးလား ဒါမှမဟုတ် လုံးဝ Model အသစ်စက်စက် ဖြစ်မလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။


Ref: Gizmochina, GSMArena

Comments