"All about Realme 10 Series"


မကြာခင်ထွက်လာတော့မယ့် Realmeရဲ့
Realme 10 seriesထဲမှာ အရွေးချယ်သင့်ဆုံးကို ပြပါဆိုရင် Realme 10 Pro+ကိုပဲ လက်ညိုးထိုး ပြရပါလိမ့်မယ်။

Base Modelဖြစ်တဲ့ Realme 10က Flat Design နဲ့ budget friendly device(4G)ဖြစ်ပြီး Realme 10 Pro, Realme 10 Pro+တို့က Curved Display(5G)နဲ့ အသီးသီး ထွက်ရှိလာမှာဖြစ်ပါတယ်။

Realme 10 Proကိုကျော်ပြီး Realme 10 Pro+ကို ရွေးချယ်ခိုင်းတာက SoCကြောင့်ပါ၊ Realme 10 Proမှာ Snapdragon 695ကိုသာ အသုံးပေးထားပြီး Realme 10 Pro+မှာ Dimensity 1080ကို အသုံးပြုထားပေးလို့ဖြစ်ပါတယ်။

Dimensity 1080က top notchမဟုတ်ပေမဲ့ Snapdragon 695ကို ရွေးချယ်တာထက်တော့ အနည်းငယ် ပိုကောင်းပါသေးတယ်၊ ဒါပေမဲ့ သိသိသာသာကြီး ကွာခြားနေမှာတော့မဟုတ်ပါဘူး။ 

မြန်မာပြည်တွင်းကို ဝင် မဝင် သေချာမသိရသေးပါဘူး၊ Realme Myanmar Official Pageမှာ ကြေငြာတာမျိုးလဲ မမြင်မိသေးတော့ သိပ်တော့ မမျှော်လင့်ထားပါဘူး။

Realme 10 Specifications
https://www.google.com/amp/s/m.gsmarena.com/realme_10-ampp-11950.php

Realme 10 Pro Specifications
https://www.google.com/amp/s/m.gsmarena.com/realme_10_pro-ampp-11978.php

Realme 10 Pro+ Specifications
https://www.google.com/amp/s/m.gsmarena.com/realme_10_pro%2b-ampp-11952.php

#realme10series #tfetechforeveryone

Comments