❝ Instagram, Whatsapp, Facebookတို့ရဲ့ မိခင် Companyဖြစ်တဲ့ "Meta" အရှုံးပေါ်နေ... ❞

❝ Instagram, Whatsapp, Facebookတို့ရဲ့ မိခင် Companyဖြစ်တဲ့ "Meta" အရှုံးပေါ်နေ... ❞

Metaက သူ့ companyမှာရှိတဲ့ ဝန်ထမ်း 11000ကျော်ကို အလုပ်ကနေ ရပ်နားခိုင်းလိုက်ပါတယ်။

"ဝန်ထမ်းတွေရဲ့ 13%ကိုလျှော့ချပစ်ရပါလိမ့်မယ်...
ပြောရရင် ဝန်ထမ်း 11000ကျော်ပေါ့"လို့ Mark Zuckerbergက သူ့ရဲ့ အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသိပေးခဲ့ပါတယ်။

Metaရဲ့ Shareတွေဟာ 20%လောက်အထိ(တစ်လအတွင်း 24.16% အထိ) ထိုးကျသွားတာဖြစ်လို့ Metaမှာ ရင်းနှီးမြုပ်နှံထားသူတွေ တုန်လှုပ်လာရတဲ့ အထိပါပဲ။

Companyရဲ့ ကုန်ကျစားရိတ်တွေက 19% ခန့် ထိုးတက်လာပြီး 2022 ခုနှစ် မကုန်ခင်မှာ အမေရိကန်ဒေါ်လာ 22.1 Billion ခန့် သုံးစွဲခဲ့ရပါတယ်။

ယခင်က Metaရဲ့ ဝင်ငွေအနေနဲ့ တစ်နှစ်ကို ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ 27.71 Billionနီးပါး ရှိခဲ့ရာကနေ အခုဆိုရင် 46% ခန့် ထိုးကျသွားပြီး မနှစ်က အမေရိကန်ဒေါ်လာ 5.66 Billionသာ ရရှိထားခဲ့ပါတယ်။

Metaရဲ့ Organizationတိုင်းကို လျှော့ချမှုတွေ ပြုလုပ်နေပြီး "အစောပိုင်းမှာ ဝန်ထမ်းအသစ်ခန့်တာတွေကို ရပ်ဆိုင်းထားပြီး 2023မှာ ဝန်ထမ်းအနည်းငယ်ကိုသာ ခန့်မယ်"လို့ Mark Zuckerbergက ပြောပါတယ်။

Metaဟာ AR, VR, Metaverseတွေမှာ လုံးဝ ပုံအောထားရာကနေ အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

Metaအနေနဲ့ နလန်ထူဖို့ သိပ်မခက်ခဲဘူးလို့ ယူဆရပေမဲ့ အကယ်၍ Metaရဲ့ Metaverseသာ အရှုံးနဲ့ ထပ်ပြီး ရင်ဆိုင်ရရင် အခြား Tech Giantတွေရဲ့ ဝါးမြိုတာကို ခံသွားရနိုင်ပါတယ်။

#Meta #tfetechforeveryone

Comments