Xiaomi (သို့) "Chinese Version" of Apple

 


Xiaomiက သူ့ရဲ့ Ecosystemကို ကောင်းကောင်းကြီး တည်ဆောက်လာခဲ့တာ အခုဆိုရင်... သက်တမ်းအနေနဲ့ (၁၀)နှစ် ကျော်လာခဲ့ပါပြီ။


Xiaomiကို စပြီးတည်ထောင်ကတည်းက iPhoneရဲ့ တစ်ဝက်ဈေးလောက်နဲ့ iPhoneလို productမျိုးကို ကိုင်နိုင်အောင် ထုတ်ပေးဖို့ ရည်ရွယ်ထားတာဖြစ်လို့ Appleကို တိုက်ရိုက် referenceယူထားတယ်လို့ဆိုရမှာပါ။

(စု တု ပြု ကူးချ ရောင်းစား ဟဲဟဲ👀)


မနေ့က Xiaomi 13 seriesနဲ့အတူ ထွက်ရှိလာတဲ့ Xiaomiရဲ့ Productတွေကတော့ Xiaomi Mini PC, Xiaomi Buds 4နဲ့ Xiaomi 10 Gigabit Routerပါ။


Xiaomi Mini PC(Intel)ကတော့ Apple Mac Miniရဲ့ တရုတ်ပြည်ကို မုန်တိုင်းနဲ့အတူပါသွားတဲ့ ကြေးညီနောင်နှစ်ကောင်ထဲက အငယ်ကောင်ပါ :3

(တခြားMini PCတွေရှိပေမဲ့ Xiaomi Mini PCက Apple Mac Miniနဲ့ ဆင်တူနေတာ ငြင်းမရပါဘူး)


M2 Mac Miniကလဲ ထွက်လာမယ်ဆိုတော့ အကယ်၍ ကိုယ်က ပေါချောင်ကောင်းလိုချင်တယ်ဆိုရင် ဈေးချိန်ပြီး ယှဉ်ပြီး ဝယ်လို့ရသွားတာပေါ့။


ဆိုတော့... Xiaomiက သူ့ရဲ့Ecosystemကို ဘယ်လောက်အထိ ကောင်းအောင်လုပ်ထားနိုင်သလဲ?

- Appleထက် ပိုကောင်းပါတယ်၊ နောက်ပြီးတော့ ကင်မ်ချီမြေက Samsungထက်လဲ ပိုသာပါတယ်၊

ဘာလို့လဲဆိုတော့ ထုတ်ထားတဲ့ productတွေက လက်သည်းညှပ်ကအစ အများကြီးမှအများကြီးပါ ၊ပိုသာတယ်ဆိုတာက သူ့ပြည်တွင်းမှာ သာတာပါ... Globallyအနေနဲ့ကတော့ အများကြီး လိုအပ်နေပါသေးတယ်လို့ ပြောကြားရင်း... နိဂုံးချုပ်ပါတယ်။


Xiaomi 13 Specifications

https://www.google.com/amp/s/m.gsmarena.com/xiaomi_13-ampp-12013.php


Xiaomi 13 Pro Specifications

https://www.google.com/amp/s/m.gsmarena.com/xiaomi_13_pro-ampp-11962.php


Xiaomi Mini PC Specifications(Intel) 

• 12th generation Intel Core i5-1240P (12-core 16-thread, 4.4GHz Max frequency) CPU, Intel Iris Xe Graphics

• 16GB (2 x 8GB) DDR4 RAM (3200MHz dual channel), supports expansion up to 64GB

512GB NVMe PCIe 4.0 SSD, supports expansion up to 4TB storage

• Windows 11 pre-installed

• 3.5mm headphone jack

• 3× USB 3.2 Gen 2, 1× USB 2.0, 2 × Thunderbolt 4 port, 2×HDMI 2.1 (bandwidth 18Gbps), 2.5G network cable interface

• Dimensions: 112×112×38mm, Weight: 437g

• Bluetooth 5.3, Wi-Fi 802.11 ax (2.4GHz/5GHz)


#apple #xiaomi

#tfetechforeveryone

Comments