Overheating issueရှိတဲ့ iPhone 15 Pro Max


iPhone 15 Pro Maxရဲ့ သတင်းတွေက အကောင်းထက် အဆိုးဖက်ကို ပိုပိုပြီးရောက်လာတယ်လို့ တဖြေးဖြေးထင်မိလာတယ်...


ပထမဆုံးအနေနဲ့ Durabilityမကောင်းတာ ပြီးတော့ အခု Overheatingဖြစ်တယ်ဆိုတာတွေ စပြီးတွေ့နေရပြီ။ အရေအတွက် အရမ်းမများသေးတော့ ကံမကောင်းတဲ့အလုံးမှ ဖြစ်တယ်လို့ ယူဆတယ်... Factory faultပေါ့လေ။


Wall Street Journalistတစ်ယောက် 15 Pro Maxကို 14 Pro Maxနဲ့ Gaming, processor-intensiveဖြစ်တဲ့ taskတွေကို ပြိုင်တူစမ်းထားတာ Temperatureက သိပ်မကွာသလောက်ပဲဆိုတော့ Factory faultဖြစ်ဖို့များပါတယ်။ ပူတာကတော့ ပူပါတယ်တဲ့... 44°C to 50°C အထိရောက်ရုံပါပဲ သိပ်မပူပါဘူး။



Apple supply chain analyst, Ming-Chi Kuoကတော့ "iPhone 15 Pro Maxမှာ သုံးထားတဲ့ Titaniumကအပူကို မထိန်းနိုင်လို့ပါ... Appleက ဒီပြဿနာကို ဖြေရှင်းဖို့ software updateတွေနဲ့ performanceကို limitလုပ်လိုက်မယ်လို့ ထင်ပါတယ်"လို့ ဆိုပါတယ်။

(အရင်ကလဲ Old iPhoneတွေကို ဆက်မသုံးအောင် ဖုန်းအသစ်တွေပိုရောင်းရအောင် performanceကို တမင်ကျအောင် limitလုပ်ခဲ့တာမျိုးတွေ ရှိပါတယ်)


iPhone 15 Pro Maxက ကောင်းရဲ့လား? ပိုကောင်းလာမှာလား?


Ref: MacRumors


#iPhone #TFE

Comments