မြန်မာပြည်နှင့် Parenting...

မြန်မာပြည်က မိဘတွေအနေနဲ့ ကလေးငြိမ်နေရင်ပြီးရောဆိုပြီး ကလေးတွေကို အချိန်ပြည့်နီးပါး ဖုန်းပေးကိုင်ထားတာမျိုးတွေ လုပ်လေ့ရှိကြပါတယ်...
Developing Countryဖြစ်တာနဲ့အညီ မြန်မာပြည်က မိဘတွေ Parentingပိုင်းမှာ လိုအပ်ချက်တွေ အရမ်းများနေသေးတယ်လို့ မြင်မိပါတယ်...

ကလေးတွေကို Internetပေါ်က အသက်အရွယ်နဲ့ မကိုက်ညီတဲ့ contentတွေ၊ မမြင်သင့် မမြင်အပ်တာတွေ၊ မသိသင့် မသိထိုက်သေးတာတွေကို တားဆီးပိတ်ပင်ထားဖို့၊ ကန့်သတ်ချက်တွေ လုပ်ထားဖို့ အလွန်အရေးကြီးပါတယ်...

ဥပမာတစ်ခု အလွယ်ပေးရမယ်ဆိုရင် TikTokကို အသက်(၁၃)နှစ်အောက်ကလေးတွေ အသုံးပြုခွင့်မရှိပါဘူး၊ မြန်မာပြည်မှာကတော့ စကားပြောတတ်တဲ့အရွယ်ကအစ TikTokကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပါ။

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို TikTokပေးသုံးမယ်ဆိုရင်...
1. TikTok appကိုဖွင့်ပါ၊ အောက်မှာရှိတဲ့ Profileကို နှိပ်ပါ။
2. ထိပ်ဖက်က Menu buttonကို နှိပ်ပါ။
3. Settings and privacyကို နှိပ်ပါ။
4. Content preferencesကိုနှိပ်ပါ၊ ပြီးရင်Restricted Modeကို နှိပ်ပါ။
5. Restricted Mode on သို့မဟုတ် offလုပ်ဖို့ passcodeပေးတာ အစရှိတာတွေကို တစ်ဆင့်ချင်း လုပ်သွားပါ။
(TikTokကို အသက်အရွယ်နဲ့ ကန့်သတ်ပြီး content limitလုပ်လိုက်တာပါ)

တခြား Appတွေမှာလဲ restriction modeတွေပါတတ်ပါတယ်၊ ကလေးတွေ မမြင်သင့်/မသိသင့်သေးတာတွေကို limitလုပ်ဖို့ မိဘတွေအနေနဲ့ restriction modeကို အသုံးပြုပြီး contentတွေကို controlလုပ်သင့်ကြောင်း အကြံပေးရင်း ဒီပိုစ့်လေးကို အဆုံးသတ်ချင်ပါတယ်။

#KnowledgeSharing #TFE

Comments