" Neuralinkကို ပထမဆုံး အသုံးပြုသူ သာမန်ထက်ပိုတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေ "
Neuralinkဆိုတာက Tesla CEO, Elon Muskရဲ့ companyမှန်း လူတိုင်းနီးပါး သိကြမယ်လို့ထင်ပါတယ်။
အံ့ဩဖို့ကောင်းစွာနဲ့ Neuralinkရဲ့ ပထမဆုံး လူသား အသုံးပြုသူက တစ်ပြိုင်ထဲ အလုပ်တွေအများကြီး ဆက်တိုက်လုပ်နေနိုင်စွမ်း ရှိနေတာပါ။
Elon Muskရဲ့ Brain Device/Chipကို ပထမဆုံး ထည့်သွင်းအသုံးပြုထားတဲ့ လူက အသက်(၃၀)အရွယ်ရှိတဲ့ "Noland Arbaugh" ပါ။
Noland Arbaughက 2016မှာ ရေကူးကန်တစ်ခုမှာ ရေကူးရင်း ကျောရိုးဒဏ်ရာရသွားပြီး လည်ပင်းကနေ စလို့ ခန္ဓာကိုယ်အောက်ပိုင်း အကြောသေသွားခဲ့တာပါ၊ အဲ့ဒီအချိန်ကတည်းက wheelchairကိုရွေ့စေဖို့ ပါးစပ်နဲ့ ထိန်းရတဲ့နည်းလမ်းကို သုံးခဲ့ရပါတယ်၊ သူ့အနေနဲ့ သူ့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေမှာကို သူအစိုးရိမ်ခဲ့ဆုံးပါတဲ့။
Brain Device/Chipကို ထည့်သွင်းပြီးတဲ့နောက်ပိုင်းမှာ computerတစ်လုံးကို အပြည့်အဝနီးပါး ထိန်းချုပ်နိုင်သွားပါတယ်၊ သူ့အနေနဲ့ mouse cursorကို ရွေ့ဖို့ တွေးလိုက်ရုံပါပဲ၊ လောလောဆယ်မှာ Neuralink Appကို MacBookနဲ့ပဲသုံးလို့ရသေးပေမဲ့ မကြာခင်မှာ ဖုန်းတွေ တခြားplatformတွေမှာအထိ သုံးလာနိုင်မယ်လို့ ယူဆထားပါတယ်။
Neuralink appကိုသုံးဖို့ သူ့အနေနဲ့ ချိန်ညှိရတာမျိုးတွေ ရှိပါတယ်၊ လက်ချောင်းလှုပ်တယ်လို့ တွေးရတာမျိုးနဲ့ တခြားလှုပ်ရှားမှုတွေကို စိတ်ကူးယဉ်ပြီး တွေးကြည့်ရတာမျိုးပါ၊ "သူ့ဟာသူ အလိုလိုသိနေတဲ့ ပုံစံမျိုးဖြစ်ပြီး သူ့အတွက် လွယ်ကူခဲ့တယ်"လို့ Noland Arbaughကပြောပါတယ်။
Neuralinkတပ်ဆင်ထားတဲ့ Noland Arbaughဟာ စာဖတ်နေရင်း တစ်ချိန်ထဲမှာ ဂိမ်းလဲဆော့နိုင် သီချင်းတွေကိုလဲ နားထောင်နိုင်ပါတယ်၊ အကြောသေနေတဲ့ လူတစ်ယောက်အနေနဲ့ နိုင်ဖို့လုံးဝမဖြစ်နိုင်တဲ့ ဂိမ်းတွေမှာ သူ့ရဲ့သူငယ်ချင်းတွေကို အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်၊ ဂိမ်းဆော့တဲ့နေရာမှာ သာမန်ထက် ပိုတိကျနေတာဖြစ်လို့ "aim bot" တပ်ထားသလိုဖြစ်နေတဲ့အတွက် တစ်ချို့ gamerတွေက အနည်းငယ် ဝေဖန်နေကြသလို တစ်ချို့ gamerတွေက welcomeလုပ်ကြပါတယ်
Noland Arbaughက BCI(brain-computer interface)တပ်ထားတဲ့ လူတစ်ယောက်အနေနဲ့ အမြန်ဆုံး mouse cursorကို ရွေ့နိုင်တဲ့ ကမ္ဘာ့စံချိန် တင်ထားပါသေးတယ်။
Neuralinkထည့်ပြီး ခွဲစိတ်ပြီး သိပ်မကြာခင် ခေါင်းထဲမှာ တပ်ထားတဲ့ ကြိုးမျှင်လေးတွေ ပြန်ပြုတ်သွားလို့ ကျန်ရှိနေတဲ့ ကြိုးမျှင်လေးတွေရဲ့ signalကို ပိုတိုးလာအောင် ပိုများလာအောင် software update လုပ်ပေးလိုက်ရပါသေးတယ်၊ (၂)ပတ်လောက်အချိန်ယူရပြီး ပြန်ကောင်းသွားပါတယ်။
(software update failedဆိုရင်တော့ ပါးစပ်နဲ့ controlလုပ်ပြီး wheelchairကို ပြန်သုံးရမှာပါပဲ)
Noland Arbaughက သူ့ရဲ့ Brain Deviceကို အသုံးပြုပြီး ရလာတဲ့ dataတွေကို Neuralinkရဲ့ researchအတွက် contributeလုပ်ပေးနေတာဖြစ်ပါတယ်၊ ရလာတဲ့ resultတွေအတွက် သူကိုယ်တိုင်က ဝမ်းသာနေပါတယ်။
"The Link(Neuralink)က ကျွန်တော့်ကို ကမ္ဘာကြီးနဲ့ ပြန်ဆက်သွယ်ပေးခဲ့တယ်၊ ကျွန်တော့်မိသားစုတွေ သူငယ်ချင်းတွေနဲ့ပေါ့၊ မိသားစုကို အားကိုးနေစရာမလိုပဲ ကိုယ့်ဟာကိုယ် အားကိုးနိုင်စွမ်း ရှိသွားပြီ"လို့ Noland Arbaughက ပြောပါတယ်။
အနာဂါတ်မှာ ပိုကောင်းလာဖို့ ပိုတိုးတက်လာဖို့ပဲရှိတဲ့ Neuralinkရဲ့ နည်းပညာတွေကို နောက်ပိုင်းမှာ upgradeဖြစ်ချင်တဲ့ လူတိုင်းနီးပါး ထည့်သွင်း အသုံးပြုလာနိုင်ချေရှိပါတယ်။
သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ Sci-fi ရုပ်ရှင်တွေမှာ တွေ့နေကျ cyberpunk ဆန်ဆန် လူကို modifyလုပ်ထားတဲ့ ပုံစံမျိုးတွေအပြင် android(တွေးခေါ်နိုင်တဲ့ လူပုံစံတူ စက်ရုပ်)တွေအထိ ကိုယ်တိုင် မြင်တွေ့ခွင့် ရနိုင်တော့မလားဆိုတာ တွေးနေမိပါပြီ...။
Source: Internet
Author: Admin H
#Neuralink #ElonMusk
#techforeveryone

Comments